ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင် အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ဩဂုတ် ၁၀ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က နွန်ထဘူရီအုပ်ချုပ်ရေးအဖွဲ့ (PAO) ဥက္ကဋ္ဌလည်းဖြစ်သူ ရဲမှူးကြီးဟောင်း သောင်းချိုင် ယန်ပရာဆတ် ကားဖြင့် ထွက်ခွာရန် ပြင်ဆင်နေစဉ် လွှတ်တော်အမတ်ဟောင်း ချလောင်း ရူးရန် (Chalong Riaowrang) က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။ ပစ်ခတ်မှုကြောင့် ရဲမှူးကြီးဟောင်း၏ ခန္ဓာကိုယ်၌ သေနတ်ဒဏ်ရာ ၄ ချက် ထိမှန်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူပါ ဒဏ်ရာရရှိခဲ့၍ ဖရာနန်းကလောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ပစ်ခတ်သူမှာ ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ပြီး ပစ်ခတ်ရသည့် အကြောင်းရင်းမှာ ငွေကြေးနှင့် အမတ်လောင်း ရွေးချယ်ရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေကာ ရဲတပ်ဖွဲ့က အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Aug 11 • 1:42 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


