back

တရုတ်နိုင်ငံ၌ လေကြောင်းထိန်းချုပ်မှုများ တင်းကျပ်လာခြင်းကြောင့် တစ်နိုင်ငံလုံးရှိ ဒရုန်းပြပွဲများ ရပ်ဆိုင်း

Aug 11 • 1:41 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၌ လေကြောင်းထိန်းချုပ်မှုများ တင်းကျပ်လာခြင်းကြောင့် တစ်နိုင်ငံလုံးရှိ ဒရုန်းပြပွဲများ ရပ်ဆိုင်း

တရုတ်နိုင်ငံ၌ စည်းကမ်းမဲ့ ပျံသန်းမှုများကို ထိန်းချုပ်ရန်၊ လေကြောင်းလိုင်းများ ဘေးကင်းစေရန်နှင့် လူထုလုံခြုံရေးအတွက် ဒရုန်းဆိုင်ရာ နည်းဥပဒေများကို ပိုမိုတင်းကျပ...

တရုတ်နိုင်ငံ၌ စည်းကမ်းမဲ့ ပျံသန်းမှုများကို ထိန်းချုပ်ရန်၊ လေကြောင်းလိုင်းများ ဘေးကင်းစေရန်နှင့် လူထုလုံခြုံရေးအတွက် ဒရုန်းဆိုင်ရာ နည်းဥပဒေများကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်လာသဖြင့် တစ်နိုင်ငံလုံးရှိ ဒရုန်းပြပွဲများကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ထိုသို့ လေကြောင်း ထိန်းချုပ်မှုများ ကြောင့် တရုတ်နိုင်ငံတစ်ဝန်း ခရီးသွားဧည့်သည် ဆွဲဆောင်ရေး အစီအစဉ်များနှင့် အခမ်းအနားများတွင် စီစဉ်ထားသည့် ဒရုန်းဖျော်ဖြေရေးများကို ရပ်ဆိုင်းထားရသည့်အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ပြည်နယ် ၆ ခု၌လည်း လာမည့် သောကြာနေ့မှစ၍ ဒရုန်းပျံသန်းခွင့်များကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

9