back

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ဖနွမ်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား

Aug 10 • 1:52 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ဖနွမ်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ဖနွမ်ပြည်နယ်၌ ဩဂုတ် ၉ ရက် နံနက်အစောပိုင်းက မိုးရေချိန် ၁၀၇ ဒသမ ၉ မီလီမီတာအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လမ်းများန...

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ဖနွမ်ပြည်နယ်၌ ဩဂုတ် ၉ ရက် နံနက်အစောပိုင်းက မိုးရေချိန် ၁၀၇ ဒသမ ၉ မီလီမီတာအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လမ်းများနှင့် နေအိမ်၊ ဆိုင်ခန်းများအတွင်း ရေဝင်ရောက်ခဲ့ပြီး ယာဉ်အသွားအလာများ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုမှာ မြောက်ပိုင်းနှင့် လာအိုနိုင်ငံအထက်ပိုင်းကို ဖြတ်သန်းနေသည့် လေဖိအားနည်းရပ်ဝန်းကြောင့်ဖြစ်ပြီး မဲခေါင်မြစ်ရေသည်လည်း ၁၀ ဒသမ ၇၈ မီတာအထိ မြင့်တက်လာသဖြင့် သတိပေးအဆင့်ဖြစ်သည့် ၁၂ မီတာနီးပါးသို့ ကပ်လာခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ် အဒီဆက်က အရေးပေါ် ရေစုပ်စက် ၈ လုံးဖြင့် မဲခေါင်မြစ်အတွင်းသို့ ရေစုပ်ထုတ်ပေးလျက်ရှိပြီး ကမ်းနားနေ ပြည်သူများအား တန်ဖိုးကြီးပစ္စည်းများနှင့် သတ္တဝါများကို ရွှေ့ပြောင်းထားရန် သတိပေးထားသည်။ ထို့ပြင် ထိုင်းဝန်ကြီးချုပ် အနုတင် ကလည်း တောင်ပိုင်းပြည်နယ် ၁၄ ခုအတွက် ရေဘေးပြင်ဆင်ရေးနှင့် ရွှေ့ပြောင်းရေးစခန်းများ ကြိုတင်ပြင်ဆင်ထားရန် ဒုတိယဝန်ကြီးချုပ် ဖီဖတ်အား တာဝန်ပေးအပ်ထားကြောင်း သိရသည်။

news-view-count-icon

10