back

တရုတ်နိုင်ငံရှိ Mac အသုံးပြုသူများ Alibaba ၏ Qwen AI ဝန်ဆောင်မှုနှင့် တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်

Aug 10 • 1:41 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံရှိ Mac အသုံးပြုသူများ Alibaba ၏ Qwen AI ဝန်ဆောင်မှုနှင့် တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်

တရုတ်ပြည်မကြီးရှိ Mac အသုံးပြုသူများအနေဖြင့် Alibaba ၏ Qwen AI ဝန်ဆောင်မှုနှင့် တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်ပြီဖြစ်ကြောင်း Apple က တရားဝင် ထုတ်ပြန်ခဲ့သည်ဟု ...

တရုတ်ပြည်မကြီးရှိ Mac အသုံးပြုသူများအနေဖြင့် Alibaba ၏ Qwen AI ဝန်ဆောင်မှုနှင့် တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်ပြီဖြစ်ကြောင်း Apple က တရားဝင် ထုတ်ပြန်ခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ Apple Intelligence ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် Apple က ဒေသတွင်း AI နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Alibaba ၏ Qwen AI မော်ဒယ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် macOS အသုံးပြုသူများသည် Qwen Extension ကို ထည့်သွင်း၍ Siri သို့မဟုတ် Apple Intelligence ၏ Writing Tools များမှတစ်ဆင့် Qwen AI ဝန်ဆောင်မှုများကို တိုက်ရိုက်ရယူနိုင်မည်ဖြစ်ကာ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံ၏ AI ကွန်ပျူတာစျေးကွက်ကို ပိုမိုကြီးထွားလာစေမည်ဖြစ်သည်။

news-view-count-icon

10