back

ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခံရသော နိုင်ငံခြားသား ဆရာတစ်ဦး၏ သေနတ်ဖြင့် ခြိမ်းခြောက်မှုကြောင့် အလယ်တန်းကျောင်းတစ်ကျောင်း ယာယီပိတ်ထားရ

Aug 10 • 1:40 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခံရသော နိုင်ငံခြားသား ဆရာတစ်ဦး၏ သေနတ်ဖြင့် ခြိမ်းခြောက်မှုကြောင့် အလယ်တန်းကျောင်းတစ်ကျောင်း ယာယီပိတ်ထားရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်ရှိ အသက် ၈၁ နှစ် သက်တမ်းရှိ ဟတ်ယိုင်ဝစ်တယာလိုင် အလယ်တန်းကျောင်းမှ စာချုပ်ချိုးဖောက်၍ အလုပ်ထုတ်ခံလိုက်ရသ...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်ရှိ အသက် ၈၁ နှစ် သက်တမ်းရှိ ဟတ်ယိုင်ဝစ်တယာလိုင် အလယ်တန်းကျောင်းမှ စာချုပ်ချိုးဖောက်၍ အလုပ်ထုတ်ခံလိုက်ရသည့် တောင်အာဖရိကနိုင်ငံသား အင်္ဂလိပ်စာဆရာဟောင်း မစ္စတာ ပီတာ ဂျိုဟန်နက်စ် ဒရိုင်းယာ က သေနတ်ဖြင့် ခြိမ်းခြောက်သည့် စာနှင့် ဓာတ်ပုံများကို ကျောင်း၏ LINE Group အတွင်း တင်ခဲ့သဖြင့် ကျောင်းသား ၃,၆၀၀ ခန့်နှင့် ဝန်ထမ်းများ၏ ဘေးကင်းရေးအတွက် တနင်္လာနှင့် အင်္ဂါနေ့များတွင် ကျောင်းကို ပိတ်ကာ အွန်လိုင်းမှ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ ဆရာဟောင်းသည် ဇူလိုင် ၁၉ ရက်နေ့ကတည်းက ပဒန်ဘီဆာ နယ်စပ်စစ်ဆေးရေးဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး ပြန်မလာသေးကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကလည်း အဆိုပါသူအား မဲစာရင်းမည်း (Blacklist) သွင်းထားပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

9