ယူအေအီး (UAE) နိုင်ငံတွင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သည့် တရားဝင် နေထိုင်သူများ သို့မဟုတ် ခရီးသွားများအနေဖြင့် တရားဝင် လက်ထပ်စာချုပ်များကို အွန်လိုင်းစနစ်မှတစ်ဆင့် အလွယ်တကူ လျှောက်ထားရယူနိုင်သည့် လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့သည်။အဆိုပါ စနစ်အရ လျှောက်ထားသူများသည် UAE PASS ကို အသုံးပြု၍ တရားရေးဝန်ကြီးဌာန (MOJ) သို့မဟုတ် အဘူဒါဘီ တရားစီရင်ရေးဌာန (ADJD) ၏ ပလက်ဖောင်းများမှတစ်ဆင့် လိုအပ်သည့် စာရွက်စာတမ်းများကို တင်ပြပြီး အွန်လိုင်းမှ လျှောက်ထားနိုင်မည် ဖြစ်သည်။ မွတ်စလင် ဘာသာဝင်များအတွက် အွန်လိုင်း သို့မဟုတ် လူကိုယ်တိုင် တရားသူကြီး/အရာရှိနှင့် တွေ့ဆုံဆောင်ရွက်နိုင်သလို မွတ်စလင်မဟုတ်သူများအတွက်လည်း Civil Marriage စနစ်ဖြင့် လျှင်မြန်စွာ လျှောက်ထားနိုင်သည်။လျှောက်ထားမှု အတည်ပြုပြီးပါက တရားဝင် အီလက်ထရွန်နစ် လက်ထပ်စာချုပ် (e-Marriage Certificate) ကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက် ထုတ်ယူရရှိနိုင်မည်ဖြစ်သည်။


