AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင်ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Jørn Andersen က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့ (ဩဂုတ်လ ၈ ရက်) မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းနိုင်ငံ၊ ရာချမန်ဂါလာအမျိုးသားအားကစားကွင်း၌ ထိုင်းအသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။ နည်းပြချုပ် Andersen က အသင်းအနေဖြင့် တစ်ပွဲထက်တစ်ပွဲ ပိုမိုတိုးတက်ကောင်းမွန်လာသည်ကို တွေ့ရကြောင်းနှင့် မိမိကိုယ်တိုင်လည်း ရှေ့တန်းကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့သဖြင့် တိုက်စစ်ဦးစားပေးကစားဟန်ကို ပိုမိုနှစ်သက်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းနှင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး အစွမ်းကုန်ကြိုးစားမည်ဟု မြန်မာအသင်းနည်းပြချုပ် Jørn Andersen ပြော
Aug 08 • 1:41 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


