လာမည့် ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် BLACKPINK အဖွဲ့၏ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့အတွက် လက်ရှိအချိန်အထိ ထူးခြားသည့် အစီအစဉ်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသဖြင့် ပရိသတ် (BLINKs) များအကြား စိတ်ပျက်မှုနှင့် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ပရိသတ်များက ၎င်းတို့အနေဖြင့် ကြီးမားသည့် Comeback သို့မဟုတ် Fan Meeting မျိုးကို မျှော်လင့်နေခြင်းမဟုတ်ဘဲ ၁၀ နှစ်ပြည့် မှတ်တိုင်အတွက် အမှတ်တရ အစီအစဉ်တစ်ခုခုကိုသာ လိုလားနေကြခြင်းဖြစ်ပြီး၊ အဖွဲ့ဝင်များ၏ တစ်ကိုယ်တော်လှုပ်ရှားမှုများအပြင် အဖွဲ့လိုက်လှုပ်ရှားမှုကိုလည်း ပိုမိုဂရုစိုက်သင့်ကြောင်း ထောက်ပြနေကြသည်။ ထို့ပြင် အဖွဲ့ဘက်မှ Weverse တွင် လှုပ်ရှားမှုမရှိသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း YG Entertainment က Weverse Membership သက်တမ်းတိုးရန် အကြောင်းကြားစာ ပေးပို့ခဲ့မှုအပေါ် ပရိသတ်များက ပိုမိုမကျေမနပ်ဖြစ်ကာ တင်းမာမှုများ မြင့်တက်နေပြီး၊ အေဂျင်စီဘက်မှ တစ်စုံတစ်ရာ ထပ်မံကြေညာလာခြင်း ရှိ၊ မရှိကို နိုင်ငံတကာပရိသတ်များက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
BLACKPINK ၁၀ နှစ်ပြည့်အထိမ်းအမှတ် အစီအစဉ်မရှိသေး၍ ပရိသတ် BLINKs များ စိတ်ပျက်ပြီး တင်းမာမှုများ မြင့်တက်နေ
Aug 07 • 12:24 PM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


