ထိုင်းနိုင်ငံ၊ နွန်သဘူရီပြည်နယ် (နွန်သဘူရီခရိုင်) တွင် ယနေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းက ကျောင်းတွင်းသေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ဆရာ၊ ဆရာမ ၃ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၃ ဦးနှင့် သေနတ်ပစ်ခတ်သူ အပါအဝင် အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းမီဒီယာများနှင့် ပြည်နယ်ဘေးအန္တရာယ်ကာကွယ်ရေးရုံးတို့၏ ထုတ်ပြန်ချက်အရ သိရသည်။ အခင်းဖြစ်ပွားချိန်တွင် ခရမ်းရောင် အားကစားဝတ်စုံဝတ်ဆင်ထားသည့် သေနတ်သမားသည် ကျောင်းအတွင်း၌ သေနတ်အချက်ရေ ဒါဇင်နှင့်ချီကာ ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံ နွန်သဘူရီခရိုင်ရှိ ကျောင်းတွင်းသေနတ်ပစ်ခတ်မှု၌ သေနတ်သမားအပါအဝင် လူ ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ
Aug 07 • 12:22 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


