back

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပန်းဥယျာဉ် ၁၄ ခုတွင် စမတ်စက်ရုပ်များ စတင်တာဝန်ထမ်းဆောင်

Aug 07 • 11:51 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပန်းဥယျာဉ် ၁၄ ခုတွင် စမတ်စက်ရုပ်များ စတင်တာဝန်ထမ်းဆောင်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြူနီစီပယ်ပိုင် ပန်းဥယျာဉ် ၁၄ ခုတွင် သန့်ရှင်းရေး၊ စမတ်ကင်းလှည့်စစ်ဆေးရေး၊ လမ်းညွှန်မေးမြန်းမှု ဖြေကြားရေး၊ ရေပြင်ကယ်ဆယ်ရေး၊ သစ်ပင်...

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြူနီစီပယ်ပိုင် ပန်းဥယျာဉ် ၁၄ ခုတွင် သန့်ရှင်းရေး၊ စမတ်ကင်းလှည့်စစ်ဆေးရေး၊ လမ်းညွှန်မေးမြန်းမှု ဖြေကြားရေး၊ ရေပြင်ကယ်ဆယ်ရေး၊ သစ်ပင်ပန်းမန်ပြုစုရေးနှင့် ဂေဟစနစ်စောင့်ကြည့်ရေး စသည့် တာဝန်စုံကို ထမ်းဆောင်နိုင်မည့် စမတ်စက်ရုပ် “ဝန်ထမ်းသစ်” များစွာ စတင်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ အဆိုပါ စက်ရုပ်များကို အများပြည်သူဆိုင်ရာ လူနေမှုဘဝအတွင်းသို့ စမတ်ဝန်ဆောင်မှုများ ပေါင်းစည်းပေးနိုင်ရန် ရည်ရွယ်၍ အသုံးပြုခြင်းဖြစ်ပြီး ဩဂုတ် ၆ ရက်က ပေကျင်းတျန်းထန်ပန်းဥယျာဉ် (Temple of Heaven) အတွင်း၌ ကင်းလှည့်စက်ရုပ်နှင့် လမ်းသန့်ရှင်းရေးစက်ရုပ်များ လုပ်ငန်းလုပ်ဆောင်နေသည့် ပုံရိပ်များကိုလည်း တွေ့မြင်ခဲ့ရသည်။

news-view-count-icon

7