ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် ချင်းဒေါင်မြို့နယ်ရှိ ဆိုင်တစ်ဆိုင်တွင် လုပ်ပိုင်ခွင့်ရရှိထားသည့် အလုပ်အကိုင်အမျိုးအစား ကွဲလွဲမှုဖြင့် မြန်မာအမျိုးသမီးလုပ်သားတစ်ဦးကို ဩဂုတ် ၆ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာလုပ်သားသည် အထွေထွေအလုပ်သမားအမျိုးအစားဖြင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားသူဖြစ်သော်လည်း ယင်းဆိုင်တွင် အိမ်အကူအဖြစ် သန့်ရှင်းရေး ဝင်ရောက်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ အလုပ်စတင်လုပ်ကိုင်ချိန်မှ ၁၅ ရက်အတွင်း အလုပ်ရှင်နှင့် လုပ်ငန်းခွင်အချက်အလက်ပြောင်းလဲမှုကို မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရန် ပျက်ကွက်ခဲ့မှုကြောင့် ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ချင်းဒေါင်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ချင်းဒေါင်၌ ခွင့်ပြုချက်မရှိဘဲ အလုပ်အကိုင်အမျိုးအစား ကွဲလွဲလုပ်ကိုင်သည့် မြန်မာလုပ်သားတစ်ဦး ဖမ်းဆီးအရေးယူခံရ
Aug 07 • 11:50 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


