တိုင်ဖွန်းမုန်တိုင်း Dolphin ချဉ်းကပ်လာမှုကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်ခြင်းတို့ကြောင့် ဩဂုတ် ၇ ရက် (သောကြာနေ့) တွင် ဂျပန်နိုင်ငံတစ်ဝန်းရှိ လေကြောင်းခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် လေဆိပ်များ၌ ခရီးစဉ်ကြန့်ကြာမှုများ စံချိန်တင်ဖြစ်ပွားခဲ့ကြောင်း Reuters သတင်းအရ သိရသည်။ အာဏာပိုင်များက မုန်တိုင်းဒဏ် အဓိကခံရသည့် ကာဂိုရှီးမားနှင့် အိုကီနာဝါစီရင်စုရှိ ဒေသခံ ၂၆၀,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားသလို Toyota ကုမ္ပဏီ၏ စက်ရုံ ၉ ရုံကိုလည်း ယာယီပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်၌ လေကြောင်းခရီးစဉ် ၅၀၀ ကျော် ဖျက်သိမ်းပြီး လူသိန်းချီ ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်
Aug 07 • 11:45 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


