ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ လေအေးပေးစက်စက်ရုံမှ ပြီးခဲ့သည့် ဧပြီလက အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာလုပ်သား ၁၅ ဦးအတွက် စုစုပေါင်း နစ်နာကြေး ဘတ် ၉၅,၀၀၀ ရရှိရေးကို MHAC အဖွဲ့၏ ကူညီမှုဖြင့် ဩဂုတ် ၆ ရက်တွင် အလုပ်သမားတရားရုံး၌ နှစ်ဦးနှစ်ဖက် ညှိနှိုင်းအောင်မြင်ခဲ့ကြောင်း သိရသည်။ အဆိုပါ နစ်နာကြေးကို စက်ရုံဘက်က တစ်ဦးလျှင် ဘတ် ၆,၅၀၀ စီဖြင့် လာမည့် ဩဂုတ် ၃၁ ရက်မှစ၍ ပေးလျော်သွားမည်ဖြစ်ပြီး၊ မြန်မာလုပ်သားများအနေဖြင့် ပတ်စပို့သက်တမ်းတိုးရန် အချိန်အခက်အခဲရှိနေ၍ ရေရှည်အယူခံမဝင်တော့ဘဲ ယခုကဲ့သို့ အလျှော့အတင်းလုပ်ကာ သဘောတူညီချက်ကို လက်ခံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းတွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၅ ဦးအတွက် နစ်နာကြေး ဘတ် ၉၅,၀၀၀ ရရှိရန် ညှိနှိုင်းနိုင်ခဲ့
Aug 07 • 11:44 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


