back

ထိုင်းနိုင်ငံ၌ နိုင်ငံခြားသား ကျောင်းသား ဗီဇာ လျှောက်ထားမှု လုပ်ငန်းစဉ်များ ပြန်လည် စစ်ဆေးရန် အစိုးရ ညွှန်ကြား

Aug 07 • 1:44 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ နိုင်ငံခြားသား ကျောင်းသား ဗီဇာ လျှောက်ထားမှု လုပ်ငန်းစဉ်များ ပြန်လည် စစ်ဆေးရန် အစိုးရ ညွှန်ကြား

ထိုင်းနိုင်ငံ အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန (MHESI) က နိုင်ငံခြားသား ကျောင်းသား လက်ခံမှုနှင့် ဗီဇာ လျှောက်ထားမှု လုပ်ငန်းစဉ် အဆ...

ထိုင်းနိုင်ငံ အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန (MHESI) က နိုင်ငံခြားသား ကျောင်းသား လက်ခံမှုနှင့် ဗီဇာ လျှောက်ထားမှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ် ပြန်လည် သုံးသပ် စစ်ဆေးသွားမည် ဖြစ်သည်။ တက္ကသိုလ် အချို့၏ ကျောင်းသား လက်ခံမှု အစီအစဉ်များသည် ပညာရေး စံနှုန်းများနှင့် မကိုက်ညီကြောင်း မီဒီယာများ၌ ဖော်ပြချက်များ ထွက်ပေါ်လာပြီးနောက် အစိုးရက ယခုကဲ့သို့ စုံစမ်း စစ်ဆေးရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း သို့မဟုတ် ပညာရေး စံနှုန်းများကို ချိုးဖောက်ကြောင်း တွေ့ရှိရသည့် တက္ကသိုလ်များကို ချွင်းချက်မရှိ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Patdarasm Thongsaluaykorn က ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

news-view-count-icon

11