ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BTS အစိမ်းရောင်၊ အဝါရောင်နှင့် ပန်းရောင် ရထားလိုင်းများ၏ ပြေးဆွဲမှု အခြေအနေကို ViaBus App မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ခြေရာခံကြည့်ရှုနိုင်မည့် ဝန်ဆောင်မှုကို BTS နှင့် ViaBus တို့ ပူးပေါင်း၍ ပထမဆုံးအကြိမ် စတင်မိတ်ဆက်လိုက်သည်။ အဆိုပါ ရထားပြေးဆွဲမှု အချက်အလက်များကို ခရီးသည် ၁၀ သန်းကျော် အသုံးပြုနေသည့် ViaBus App အတွင်းရှိ ဘတ်စ်ကား၊ သင်္ဘော လမ်းကြောင်းများနှင့် ပေါင်းစပ်ပေးထားသဖြင့် ခရီးစဉ်များကို ပိုမိုလွယ်ကူစွာ စီစဉ်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် BTS အုပ်စုမှ ပြေးဆွဲနေသော ရထားလိုင်းများကို နေ့စဉ် ခရီးသည် တစ်သန်းခန့် စီးနင်းလျက်ရှိပြီး ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဘူတာရုံများနှင့် ရထားများပေါ်၌ EV မီးငြှိမ်းသတ်စောင်များကိုပါ တပ်ဆင်ပေးထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက် ရထားလိုင်း ၃ ခု၏ ပြေးဆွဲမှုကို App မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည့် စနစ် BTS နှင့် ViaBus မိတ်ဆက်
Aug 07 • 1:43 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


