back

ထိုင်းနိုင်ငံ၌ ကုန်ကြမ်း၊ ဟင်းသီးဟင်းရွက်နှင့် လောင်စာဆီ ဈေးနှုန်းများကြောင့် အသင့်စား အစားအစာများ ဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်

Aug 07 • 1:34 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ ကုန်ကြမ်း၊ ဟင်းသီးဟင်းရွက်နှင့် လောင်စာဆီ ဈေးနှုန်းများကြောင့် အသင့်စား အစားအစာများ ဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်

ကမ္ဘာ့စွမ်းအင် ဈေးကွက် မတည်ငြိမ်မှုနှင့် ပြည်တွင်း လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုများကြောင့် ထိုင်းနိုင်ငံတွင် အသင့်စား အစားအစာများ၏ ဈေးနှုန်းမှာ ဆက်လက် မြင့်တ...

ကမ္ဘာ့စွမ်းအင် ဈေးကွက် မတည်ငြိမ်မှုနှင့် ပြည်တွင်း လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုများကြောင့် ထိုင်းနိုင်ငံတွင် အသင့်စား အစားအစာများ၏ ဈေးနှုန်းမှာ ဆက်လက် မြင့်တက်လာနိုင်ကြောင်း ကုန်သွယ်မှု မူဝါဒနှင့် မဟာဗျူဟာရုံး (TPSO) က ခန့်မှန်း ထုတ်ပြန်လိုက်သည်။ ဇူလိုင်လအတွင်း စားသုံးသူ ဈေးဆနှုန်း (CPI) ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကုန်ကြမ်း၊ ဟင်းသီးဟင်းရွက်နှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ ကြီးမြင့်လာမှုက အစားအစာ ဈေးနှုန်းများအပေါ် အဓိက သက်ရောက်မှု ဖြစ်စေခဲ့သည်။သို့သော် မေလမှ ဩဂုတ်လအထိ လျှပ်စစ်မီတာခ လျော့ကျမှုနှင့် သစ်သီးဝလံ ရာသီ ပေါ်ပေါက်လာမှုတို့က ငွေကြေးဖောင်းပွမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းညှိပေးနိုင်မည် ဖြစ်သည်။ ပို့ကုန်နှင့် ခရီးသွားကဏ္ဍ ပြန်လည် ဦးမော့လာမှုကြောင့် စားသုံးသူ ယုံကြည်မှု အညွှန်းကိန်း ၅၁ ဒသမ ၁ အထိ တိုးတက်လာသဖြင့် စီးပွားရေး ကပ်ဆိုက်နိုင်ခြေ နည်းပါးသော်လည်း ပြည်သူများအကြား ကုန်ဈေးနှုန်း ကြီးမားမှုနှင့် အိမ်ထောင်စု အကြွေးများအတွက် စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။

news-view-count-icon

17