back

ထိုင်းနိုင်ငံတွင် တောအုပ်တစ်ဦး ကျားတိုက်ခိုက်ခံရ၍ သေဆုံး

Aug 06 • 2:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် တောအုပ်တစ်ဦး ကျားတိုက်ခိုက်ခံရ၍ သေဆုံး

ထိုင်းနိုင်ငံ၊ ဥထိုင်းဌာနီခရိုင်ရှိ Huai Kha Khaeng တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ သစ်တောဝန်ထမ်း တောအုပ် နိုင်းသက္ကရင် ဝိချာဂျန်သည် တာဝန်ထမ်းဆောင်စဉ် ကျားတိုက်ခ...

ထိုင်းနိုင်ငံ၊ ဥထိုင်းဌာနီခရိုင်ရှိ Huai Kha Khaeng တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ သစ်တောဝန်ထမ်း တောအုပ် နိုင်းသက္ကရင် ဝိချာဂျန်သည် တာဝန်ထမ်းဆောင်စဉ် ကျားတိုက်ခိုက်ခံရ၍ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ၎င်းသည် နံနက်ပိုင်း လူငယ်စခန်း လှုပ်ရှားမှု ဆုံရပ်သို့ ရောက်ရှိမလာသဖြင့် တာဝန်ရှိသူများက လိုက်လံရှာဖွေရာ စခန်းဧရိယာအတွင်း ဖုန်းနှင့် ကိုယ်ပိုင်ပစ္စည်းများကိုသာ တွေ့ရှိခဲ့ရသည်။ ထို့နောက် စခန်းနှင့် မီတာ ၂၀၀ ခန့်အကွာ ထပ်ဆာလောင် ချောင်းအနီး၌ တောရိုင်းတိရစ္ဆာန် ကိုက်ဖြတ်ထားသည့် ဒဏ်ရာများနှင့်အတူ ၎င်း၏ ရုပ်အလောင်းကို ကျားခြေရာသစ်များနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ရဲစခန်းမှ တာဝန်ရှိသူများက မိသားစုနှင့် ညှိနှိုင်းကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။

news-view-count-icon

14