ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စုရှိ နေအိမ်တစ်အိမ်ကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့နှင့် မဲဆောက်ရဲတပ်ဖွဲ့တို့က ဩဂုတ် ၅ ရက်တွင် တရားရုံးဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ TH2.VIP အွန်လိုင်းလောင်းကစား ဝဘ်ဆိုက်၏ Admin အဖြစ် လုပ်ကိုင်နေသည့် အသက် ၂၃ နှစ်အရွယ် မြန်မာလူငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ စီးနင်းမှုအတွင်း လက်ပ်တော့ပ်၊ ကွန်ပျူတာ၊ ဖုန်းနှင့် အခြားသက်သေခံ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံရသူမှာ တစ်လလျှင် လစာ ဘတ် ၁၅,၀၀၀ ဖြင့် ၅ လနီးပါး Customer Service နှင့် ငွေသွင်း/ငွေထုတ် တာဝန်များကို လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံထားသည်။ လက်ရှိတွင် ၎င်းအား မဲဆောက်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းကာ တရားမဝင် အွန်လိုင်းလောင်းကစား ပါဝင်ဆောင်ရွက်မှုဖြင့် အရေးယူထားပြီး နောက်ကွယ်မှ ကွန်ရက်တစ်ခုလုံးကို ထိုင်းအာဏာပိုင်များက ဆက်လက် စုံစမ်းဖော်ထုတ်လျက်ရှိသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အွန်လိုင်းလောင်းကစား ဝဘ်ဆိုက် လုပ်ကိုင်နေသည့် မြန်မာလူငယ်တစ်ဦး ဖမ်းဆီးခံရ
Aug 06 • 1:53 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


