ဒူဘိုင်းမှ ဘန်ကောက်သို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် အိပ်ပျော်နေသော ထိုင်းအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် ပါကစ္စတန်အမျိုးသားတစ်ဦးကို ထိုင်းတရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် အပြီးတိုင် ပိတ်ပင်လိုက်ကြောင်း သိရသည်။ ထို့ပြင် တရားခံအနေဖြင့် နစ်နာကြေးအဖြစ် ဘတ် ၁၂၀,၀၀၀ ပေးလျော်ရန် ပေးဆောင်ရမည်ဖြစ်သည်။အဆိုပါဖြစ်စဉ်မှာ ဩဂုတ် ၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး၏ ဘောင်းဘီပေါ်တွင် သုက်ရည်အစွန်းအထင်းများ တွေ့ရှိခဲ့ရသဖြင့် လေယာဉ် ဆိုက်ရောက်ချိန်၌ ခရီးသွားရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့များက စုံစမ်းစစ်ဆေးကာ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဒူဘိုင်း-ဘန်ကောက် လေယာဉ်ပေါ်တွင် ထိုင်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ စော်ကားသည့် ပါကစ္စတန်အမျိုးသားကို ထောင်ဒဏ် ၃ နှစ် ချမှတ်ကာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့် အပြီးတိုင် ပိတ်ပင်
Aug 05 • 12:32 PM
UAE
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


