back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

Aug 04 • 12:11 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည့် ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီး...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည့် ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိသည်။ ဩဂုတ် ၃ ရက်နေ့ကလည်း ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်ဝိုင်းကျေးရွာရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ ရေဘေးသင့်သူများကို အားပေးစကား ပြောကြားခဲ့ပြီး ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

13