back

ဧရာဝတီတိုင်းရှိ ရေဘေးသင့် စပါးခင်းများ ပြန်လည်ထူထောင်ရေးအတွက် MRF နှင့် ဌာနဆိုင်ရာများ ပူးပေါင်းထောက်ပံ့မည်

Aug 04 • 12:09 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းရှိ ရေဘေးသင့် စပါးခင်းများ ပြန်လည်ထူထောင်ရေးအတွက် MRF နှင့် ဌာနဆိုင်ရာများ ပူးပေါင်းထောက်ပံ့မည်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတနှင့် မြန်အောင်ခရိုင်တို့ရှိ ရေကြီးနစ်မြုပ်နေသည့် ဆန်စပါးစိုက်ပျိုးဒေသများမှ တောင်သူများအား ကူညီပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါ...

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတနှင့် မြန်အောင်ခရိုင်တို့ရှိ ရေကြီးနစ်မြုပ်နေသည့် ဆန်စပါးစိုက်ပျိုးဒေသများမှ တောင်သူများအား ကူညီပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဩဂုတ် ၂ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ရေပြန်ကျချိန် ပျက်စီးမှုအခြေအနေများကို အကဲဖြတ်၍ စပါးအထွက်နှုန်း မလျော့ကျစေရန် ဓာတ်မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျ ဖြန့်ဖြူးပေးရေး၊ ပျက်စီးလယ်ယာများအတွက် သက်တမ်းတို စပါးမျိုးများ၊ Seeder စက်များ သို့မဟုတ် မတ်ပဲ၊ ပဲပုတ်ကဲ့သို့ အစားထိုး ဆောင်းသီးနှံ မျိုးစေ့များ ကြိုတင်စုဆောင်း ပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့ကြကာ ရေကြာရှည်စွာ နစ်မြုပ်၍ သီးနှံပျက်စီးသည့် ဒေသများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများကို ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

news-view-count-icon

23