back

ကယားပြည်နယ်၊ ဖရူဆိုအနောက်ခြမ်း၌ သယ်ယူစရိတ်ကြောင့် ကြက်ဥတစ်လုံး ကျပ် ၂,၀၀၀ အထိ ဈေးမြင့်တက်

Aug 04 • 7:13 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်၊ ဖရူဆိုအနောက်ခြမ်း၌ သယ်ယူစရိတ်ကြောင့် ကြက်ဥတစ်လုံး ကျပ် ၂,၀၀၀ အထိ ဈေးမြင့်တက်

ကယား (ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာ၌ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် သယ်ယူစရိတ် မြင့်မားမှုတို့ကြောင့် လက်ရှိတွင် ကြက်ဥတစ်လုံးလ...

ကယား (ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာ၌ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် သယ်ယူစရိတ် မြင့်မားမှုတို့ကြောင့် လက်ရှိတွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၂,၀၀၀ မှ ၂,၅၀၀ အထိ ပေးဝယ်နေရကြောင်း သိရသည်။

အဆိုပါ ဒေသသို့ ကုန်စည်များကို ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှတစ်ဆင့် သယ်ယူရခြင်းဖြစ်ပြီး လမ်းခရီး အတားအဆီးများကြောင့် လူထမ်းခ၊ ဆိုင်ကယ်တင်ခ စသည့် အဆင့်ဆင့် သယ်ယူစရိတ်များ ကုန်ကျသဖြင့် ကုန်ဈေးနှုန်းများမှာ ဒီးမော့ဆိုထက် ၃ ဆခန့် မြင့်တက်နေခြင်းဖြစ်သည်။ ဒီးမော့ဆို၌ ကြက်ဥတစ်လုံး ကျပ် ၈၀၀ သာ ရှိသော်လည်း အဆိုပါ ဒေသတွင် သယ်ယူစရိတ်များကြောင့် ကြက်ဥအပြင် ကြက်သွန်နီတစ်ပိဿာ ကျပ် ၁၅,၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၂၀,၀၀၀၊ စားသုံးဆီတစ်ပိဿာ ကျပ် ၃၀,၀၀၀၊ ဆားတစ်အိတ် ကျပ် ၉၅,၀၀၀၊ အာလူးတစ်ပိဿာ ကျပ် ၂၀,၀၀၀၊ ဆန်တစ်အိတ် ကျပ် ၂၈၀,၀၀၀ နှင့် ဓာတ်ဆီတစ်လီတာ ကျပ် ၁၈,၀၀၀ အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။လက်ရှိ မိုးရာသီ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် သယ်ယူစရိတ် မြင့်မားမှုများကြောင့် ကရင်နီပြည်အတွင်းရှိ ဒေသအများအပြား၌ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ဆက်လက် မြင့်တက်နေကြောင်း သိရသည်။

news-view-count-icon

18