ဧရာဝတီဖောင်ဒေးရှင်းမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်များတွင် တက်ရောက်မည့် ထူးချွန်ကျောင်းသား/သူ (၅၀) ဦးအား AYA Scholarship ထောက်ပံ့ပေးအပ်သွားမည် ဖြစ်သည်။ အဆိုပါ ပညာသင်ဆုအဖြစ် လစဉ် ကျပ် (၃) သိန်းနှင့် သင်ထောက်ကူပစ္စည်းများအတွက် နှစ်စဉ် ကျပ် (၅) သိန်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။ လျှောက်ထားသူများထဲမှ ပညာရေး ထူးချွန်သူ၊ သင်ယူလိုစိတ်နှင့် ခေါင်းဆောင်မှု အလားအလာရှိသူများအပြင် အမှန်တကယ် ပညာသင် ထောက်ပံ့ကြေး လိုအပ်နေသည့် ကျောင်းသား/သူများကို ဦးစားပေး ရွေးချယ်ပေးအပ်သွားမည် ဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ကျောင်းသား/သူ (၅၀) ဦးကို လစဉ် ကျပ် (၃) သိန်းစီ ထောက်ပံ့မည်ဟုဆို
Aug 03 • 2:25 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 38 | 0 | 0 | 0 |


