ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းတွင် လွိုင်ကော် - ဟိုပုံးကားလမ်းတွင် ရေကြီးမှုများ ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်ထားသည်။အဆိုပါ ရေကျော်မှုများတွင် ဟိုပုံး - လွိုင်ကော်သွားလမ်း ၊ ပေါင်လင်းကျေးရွာအုပ်စု ဟဲလုံကျေးရွာ နှင့် နံကင်ကျေးရွာကြားတွင် လမ်းရေကျော်နေခြင်းဖြစ်သည်။ယင်းရေကျော်ခြင်းကြောင့် လမ်းပိတ်ပင်ခြင်းတော့ မရှိသေးကြောင်း ကုန်သည်များက ပြောသည်။ ထို့ပြင် ဟိုပုံး-မိုင်ပွန်ကြား ထမ်ဆမ်းဂူအကျော်တွင် မိုးရွာသွန်းမှုကြောင့် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ယာဉ်များ ပိတ်မိနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်၊ လွိုင်ကော်-ဟိုပုံး ကားလမ်း ရေကျော်ပြီး ဟိုပုံး-မိုင်ပွန်ကြားတွင် တောင်ပြိုမှု ဖြစ်ပွား
Aug 03 • 2:21 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


