ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင် ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်နေသည့် ရပ်ကွက်/ကျေးရွာ ၁၄ ခုမှ ရေဘေးသင့်ပြည်သူ ၈,၃၈၂ ဦးကို စာရေးကွင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ စောင့်ရှောက်ပေးထားကြောင်း သိရသည်။ အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသူများ ဖုန်းနှင့် လျှပ်စစ်မီးသီး မီးအိမ် မီးထွန်းရန် ဘက်ထရီများ အဆင်ပြေစွာ အားသွင်းနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက အားသွင်းပလပ်ခုံများနှင့် ပလပ်ပေါက်များကို စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ် စာရေးကွင်း ရေဘေးကယ်ဆယ်ရေးစခန်း၌ လျှပ်စစ်ဓာတ်အားသွင်းနိုင်ရန် စီစဉ်ပေးထား
Aug 02 • 8:59 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 27 | 0 | 0 | 0 |


