back

ယူအေအီးရှိ စူပါမားကတ်များတွင် ကျန်းမာရေးနှင့် မညီညွတ်သော မုန့်များကို ထင်ရှားစွာ ပြသရောင်းချမှု တားမြစ်သည့် မူဝါဒ ၂၀၂၇ ဇန်နဝါရီမှ စတင်မည်ဖြစ်

Aug 02 • 7:35 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ယူအေအီးရှိ စူပါမားကတ်များတွင် ကျန်းမာရေးနှင့် မညီညွတ်သော မုန့်များကို ထင်ရှားစွာ ပြသရောင်းချမှု တားမြစ်သည့် မူဝါဒ ၂၀၂၇ ဇန်နဝါရီမှ စတင်မည်ဖြစ်

ယူအေအီးနိုင်ငံ၊ အဘူဒါဘီ ကျန်းမာရေးဌာနသည် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်များကို ပိုမိုရွေးချယ် စားသုံးလာစေရန်အတွက် စူပါမားကတ်များနှင့် ကုန်စုံ...

ယူအေအီးနိုင်ငံ၊ အဘူဒါဘီ ကျန်းမာရေးဌာနသည် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်များကို ပိုမိုရွေးချယ် စားသုံးလာစေရန်အတွက် စူပါမားကတ်များနှင့် ကုန်စုံဆိုင်များတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် မုန့်များ၊ အချိုရည်များကို ထင်ရှားသည့် နေရာများ၌ ပြသရောင်းချမှု လျှော့ချရမည့် မူဝါဒသစ်ကို ထုတ်ပြန်ခဲ့ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်ကို နောက်ဆုံးထား လိုက်နာရန် သတ်မှတ်လိုက်သည်။အဆိုပါ မူဝါဒသစ်အရ စူပါမားကတ်များအနေဖြင့် ငွေရှင်းကောင်တာ အနီးနေရာများ၊ စင်တန်းများ၏ အစွန်းပိုင်း (Endcaps) များနှင့် မျက်စိကျလွယ်သည့် စင်မြင့်များတွင် သကြားဓာတ်၊ ဆားဓာတ်နှင့် အဆီဓာတ် မြင့်မားသော Junk Food မုန့်များနှင့် အချိုရည်များကို စုံပုံပြသထားခြင်း မပြုရတော့ဘေ သစ်သီးဝလံများနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်များကိုသာ အဓိက ထင်ရှားစွာ ပြသရောင်းချရမည်ဖြစ်သည်။ ယင်းလုပ်ဆောင်ချက်သည် ငယ်ရွယ်သူများနှင့် ပြည်သူများ မဆင်မခြင် မုန့်ဝယ်ယူစားသုံးသည့် အလေ့အထကို လျှော့ချရန်နှင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါဖြစ်ပွားခြင်းများကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

news-view-count-icon

16