back

ပဲခူးမြို့၌ ပုဂ္ဂလိက အမှိုက်သိမ်းစနစ် ဝန်ဆောင်မှု အဆင်မပြေမှုများကြောင့် မြို့ခံများ ဝေဖန်

Aug 02 • 3:52 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးမြို့၌ ပုဂ္ဂလိက အမှိုက်သိမ်းစနစ် ဝန်ဆောင်မှု အဆင်မပြေမှုများကြောင့် မြို့ခံများ ဝေဖန်

ပဲခူးမြို့တွင် ပုဂ္ဂလိက လုပ်ပိုင်ခွင့်ရယူထားသည့် မလိခဟင်္သာ ကုမ္ပဏီ၏ အမှိုက်သိမ်းဆည်းမှု စနစ်နှင့် ပတ်သက်၍ အချိန်မှန် မလာခြင်း၊ ကားပြည့်သည်ဟုဆိုကာ အမှိုက်အနည်းင...

ပဲခူးမြို့တွင် ပုဂ္ဂလိက လုပ်ပိုင်ခွင့်ရယူထားသည့် မလိခဟင်္သာ ကုမ္ပဏီ၏ အမှိုက်သိမ်းဆည်းမှု စနစ်နှင့် ပတ်သက်၍ အချိန်မှန် မလာခြင်း၊ ကားပြည့်သည်ဟုဆိုကာ အမှိုက်အနည်းငယ်သာ လက်ခံခြင်းတို့ကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း မြို့ခံများကြား ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ အမှိုက်သိမ်းလုပ်ငန်းကို ၂၀၁၉ ခုနှစ်ကတည်းက ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး အမှိုက်စွန့်ပစ်ခအဖြစ် တစ်အိမ်လျှင် တစ်လလျှင် ကျပ် ၂၀,၀၀၀ နီးပါး ပေးသွင်းနေရသော်လည်း ဝန်ဆောင်မှု ပိုမိုကောင်းမွန်မလာကြောင်း မြို့ခံများက ဆိုသည်။ အဆိုပါ ဝေဖန်မှုများနှင့် ပတ်သက်၍ မလိခဟင်္သာ ကုမ္ပဏီဘက်မှ အမှိုက်သိမ်းမည့် ရက်များကို ကြိုတင်အသိပေးထားပြီး ယာဉ်ချို့ယွင်းမှုကြောင့် ရက်ရွှေ့ဆိုင်းရပါက နားလည်ပေးရန် ပြန်လည် တုံ့ပြန်ရှင်းလင်းထားကြောင်း သိရသည်။

news-view-count-icon

18