မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက ဧလာနှင့် သာဝတ္ထိဘူတာအကြားတွင် ခဲဖြင့် ပစ်ပေါက်ခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ အဆိုပါ ပစ်ပေါက်မှုကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ပထမတန်းတွဲ နောက်ဆုံးတွဲ၏ ကိုယ်ထည် ဆေးပွန်းဒဏ်ရာ ရရှိခဲ့ကာ ရထားခရီးစဉ် ၁၂ မိနစ်ခန့် ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။
Aug 01 • 7:40 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 22 | 0 | 0 | 0 |


