back

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့ ရေဘေးသင့်သူများအတွက် ရေဘေးအလှူပစ္စည်းများကို ပုသိမ်ကြက်တောင်အားကစားရုံ၌ လက်ခံပေးနေ

Aug 01 • 7:38 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့ ရေဘေးသင့်သူများအတွက် ရေဘေးအလှူပစ္စည်းများကို ပုသိမ်ကြက်တောင်အားကစားရုံ၌ လက်ခံပေးနေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာသည် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ကျိုးပေါက်သွားသဖြင့် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာများအတွင်း မြစ်ရေဝင်ရော...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာသည် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ကျိုးပေါက်သွားသဖြင့် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာများအတွင်း မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။ ထိုသို့ ရွှေ့ပြောင်းပေးထားရသည့် ရေဘေးသင့် ပြည်သူများအတွက် ရေဘေးအလှူပစ္စည်းများ လှူဒါန်းလိုပါက ပုသိမ်မြို့၊ မင်းကြီးလမ်းရှိ ကြက်တောင်အားကစားရုံတွင် လာရောက်လှူဒါန်းနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

news-view-count-icon

22