back

မိမိပိုင်ယာဉ်နံပါတ်ဖြင့် စက်သုံးဆီဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အသိပေးထုတ်ပြန်

Aug 01 • 3:36 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မိမိပိုင်ယာဉ်နံပါတ်ဖြင့် စက်သုံးဆီဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အသိပေးထုတ်ပြန်

မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသော နည်းလမ်းအသုံးပြု၍ စက်သုံးဆီ ဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအနေဖြင့်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေး ရေးဦးစီး ဌာန...

မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသော နည်းလမ်းအသုံးပြု၍ စက်သုံးဆီ ဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအနေဖြင့်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေး ရေးဦးစီး ဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများသို့ စက်သုံးဆီ ဝယ်ယူခွင့် QR Code အသစ် ထုတ်ပေးနိုင်ရေးအောက်ဖော်ပြပါ အထောက်အထားများနှင့်အတူ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ယင်းသို့လျှောက်ထားရာတွင်မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်အစစ်အမှန်ဖြစ်ကြောင်းသက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ထောက်ခံချက် မူရင်း၊ မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ်မိတ္တူ(Colour)၊ယာဉ်ပိုင်ရှင်၏မှတ်ပုံတင်မိတ္တူ (Colour)၊ ယာဉ်ပိုင်ရှင်၏ နေရပ်လိပ်စာ (မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်)နှင့် ဆက်သွယ်

ရမည့် ဖုန်းနံပါတ်၊ မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားဆိုင်များတွင် စက်သုံးဆီ ဝယ်ယူခဲ့မှုအ ထောက်အထား(ရက်စွဲ၊အချိန်၊ ဆိုင်အမည် စသည်)၊ ယင်းအချက်အလက်များနှင့် လျှောက်ထား

လာပါက တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများမှစိစစ်တင်ပြမှု ဆောင်ရွက်ပြီးနောက် QR Code အသစ်ထုတ်ပေးမည်ဖြစ်သည်။QR Codeအသစ်ထုတ်ပေးပြီးနောက် အဆိုပါယာဉ်အတွက်မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်တွင်ပါရှိသည့် Barcode သို့မဟုတ် အရောင်းဆိုင်မှ ထုတ်ပေးခဲ့သည့် QR Code ဖြင့် စက်သုံးဆီဝယ် ယူ ခွင့်ရရှိမည်မဟုတ်ဘဲ အသစ်ထုတ်ပေးသည့် QR Code ဖြင့်သာစက်သုံးဆီ ဝယ်ယူခွင့်ရရှိမည် ဖြစ်သည်။

ယာဉ်ပိုင်ရှင်အနေဖြင့် အသစ်ထပ်မံထုတ်ယူသော QR Code ပျက်စီးပျောက်ဆုံးမှု မရှိစေရေးတာဝန်ယူ ထိန်းသိမ်းထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

27