back

ဂျပန်နိုင်ငံသား လူဦးရေ ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ် သန်း ၁၂၀ အောက်သို့ လျှော့နည်းကျဆင်း

Jul 31 • 4:46 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံသား လူဦးရေ ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ် သန်း ၁၂၀ အောက်သို့ လျှော့နည်းကျဆင်း

ဂျပန် ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့အထိ ဂျပန်နိုင်ငံအတွင်း နေထိုင်သည့် ဂျပန်နိုင...

ဂျပန် ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့အထိ ဂျပန်နိုင်ငံအတွင်း နေထိုင်သည့် ဂျပန်နိုင်ငံသား လူဦးရေသည် ၁၁၉.၇၄ သန်း သို့ လျော့နည်းသွားခဲ့ပြီး ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ် သန်း ၁၂၀ အောက်သို့ ကျဆင်းသွားခဲ့သည်။ယခု လျှော့နည်းသွားသည့် ပမာဏသည် ပြီးခဲ့သည့်နှစ်ထက် ၉၁၇,၀၀၀ ခန့် (၀.၇၆ ရာခိုင်နှုန်း) ပိုမိုနည်းပါးသွားခြင်းဖြစ်ပြီး ၁၉၆၈ ခုနှစ်မှစ၍ စံချိန်တင် အများဆုံး လျှော့ကျသွားသည့် ပမာဏဖြစ်သည်။တစ်နိုင်ငံလုံးရှိ ပြည်နယ် ၄၇ ခုအနက် မြို့တော် တိုကျို တစ်ခုတည်းတွင်သာ ဂျပန်နိုင်ငံသား လူဦးရေ ၀.၀၉ ရာခိုင်နှုန်း အနည်းငယ် တိုးတက်ခဲ့သည်။အခြားတစ်ဖက်တွင်မူ ဂျပန်နိုင်ငံအတွင်း တရားဝင် နေထိုင်သည့် နိုင်ငံခြားသား လူဦးရေသည် ၃၅၄,၀၀၀ ဖြင့် စံချိန်တင် တိုးတက်လာခဲ့ပြီး စုစုပေါင်း ၄.၀၃ သန်းအထိ ရောက်ရှိလာခဲ့သည်။ နိုင်ငံခြားသားများကိုပါ ထည့်သွင်းတွက်ချက်ပါက ဂျပန်နိုင်ငံ၏ စုစုပေါင်း လူဦးရေမှာ ၁၂၃.၇၇ သန်း ရှိကြောင်း ဖော်ပြထားသည်။

news-view-count-icon

16