back

ထိုင်းနိုင်ငံ၌ တစ်ပတ်ရစ်အိမ်များ ဈေးကွက်အတွင်း အလုံးအရင်း ဝင်ရောက်လာသဖြင့် ရောင်းမထွက်သည့် အိမ်အရေအတွက် မြင့်တက်

Jul 31 • 2:05 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ တစ်ပတ်ရစ်အိမ်များ ဈေးကွက်အတွင်း အလုံးအရင်း ဝင်ရောက်လာသဖြင့် ရောင်းမထွက်သည့် အိမ်အရေအတွက် မြင့်တက်

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူနိုင်စွမ်း ကျဆင်းနေချိန်၌ တစ်ပတ်ရစ်အိမ်များ အလုံးအရင်း ဝင်ရောက်လာသဖြင့် ယခုနှစ်ကုန်တွင် ရောင်းမထွက်ဘဲ ကျန်ရှိမည့် အိမ်...

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူနိုင်စွမ်း ကျဆင်းနေချိန်၌ တစ်ပတ်ရစ်အိမ်များ အလုံးအရင်း ဝင်ရောက်လာသဖြင့် ယခုနှစ်ကုန်တွင် ရောင်းမထွက်ဘဲ ကျန်ရှိမည့် အိမ်အရေအတွက် ၆၁၀,၀၀၀ ကျော်အထိ ရှိလာနိုင်ကြောင်း ကဆီကွန်သုတေသနဌာန (K-Research) က ခန့်မှန်းထားသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း တစ်ပတ်ရစ်အိမ် အရောင်းတင်မှု ၃၄.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နိုင်ငံတစ်ဝန်း ရောင်းရန်ကျန်နေသည့် အိမ်အရေအတွက် ၅၉၀,၀၀၀ အထိ ရောက်ရှိခဲ့သည်။ဆောက်လုပ်ရေးကုမ္ပဏီများက စီမံကိန်းအသစ်များ ဖော်ဆောင်မှုကို လျှော့ချခဲ့၍ အိမ်သစ်လက်ကျန် ၆ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ဈေးကွက်အတွင်း လက်ကျန်အရေအတွက်မှာ မြင့်မားနေဆဲဖြစ်သည်။ ဘတ် ၃ သန်းအောက် တန်ဖိုးရှိသည့် အိမ်များက စုစုပေါင်းလက်ကျန်၏ ၆၀ ရာခိုင်နှုန်းကျော် ရှိနေပြီး ဘတ် ၁၀ သန်းအထက် တန်ဖိုးကြီးအိမ်များတွင်လည်း အိမ်ရှင်များ ပြန်လည်ရောင်းချလာကြသဖြင့် လက်ကျန် ၄၈ ရာခိုင်နှုန်းအထိ အလျင်အမြန် မြင့်တက်လာခဲ့သည်။အစိုးရအနေဖြင့် ဘတ် ၇ သန်းအထိ တန်ဖိုးရှိသော အိမ်များအတွက် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းနှင့် ပေါင်နှံခြင်းဆိုင်ရာ အခွန်အခများကို လျှော့ချပေးထားသော်လည်း စားသုံးသူများ၏ ယုံကြည်မှု ကျဆင်းနေမှုကို အပြည့်အဝ ကုစားနိုင်ခြင်း မရှိသေးပေ။ ရောင်းလိုအားနှင့် ဝယ်လိုအားကြား ကွာဟချက် ကြီးမားနေသဖြင့် လက်ရှိအချိန်သည် ဝယ်ယူသူများအတွက် အခွင့်အရေး ပိုမိုသာလွန်နေပြီး ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် ပိုလျှံနေသည့် အိမ်များ ရောင်းထွက်သွားသည်အထိ ရင်းနှီးမြှုပ်နှံမှုအသစ်များကို သတိထား ဆောင်ရွက်သွားရဖွယ် ရှိနေသည်။

news-view-count-icon

13