ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆို-တောင်ငူ လမ်းမကြီးပေါ်တွင် နှစ်စဉ် မိုးရာသီ ရေဝပ်ပြီး ရေကျော်လေ့ရှိသည့် ကားလမ်းမကြီး တစ်နေရာကို ဒေသခံများက မိမိတို့အစီအစဉ်ဖြင့် ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေကြသည်။အဆိုပါ လမ်းပိုင်းသည် ကုန်ကားကြီးများ အသွားအလာများပြားခြင်းနှင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ကျောက်ဂူအနီး မြေဖို့မှုများကြောင့် ရေနုတ်မြောင်း ပိတ်ကာ ရေဝပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ယခင်က သဲ၊ ကျောက်များဖြင့် ပြုပြင်ခဲ့သော်လည်း ရေရှည်မခံဘဲ ပြန်လည်ပျက်စီးခဲ့သဖြင့် ယခုအခါ ကွန်ကရစ်လမ်းအဖြစ် အတတ်နိုင်ဆုံး ပြုပြင်နိုင်ရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင် မတည်အလှူရှင်အချို့နှင့် ဒေသခံများ၏ လုပ်အားပေးမှုဖြင့် စတင်နေသော်လည်း ဘိလပ်မြေ၊ သဲ၊ ကျောက် စသည့် ဆောက်လုပ်ရေးပစ္စည်းများနှင့် အကူအညီများ ပိုမိုလိုအပ်နေသေးကြောင်း လမ်းဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
ကယားပြည်နယ်၊ဒီးမော့ဆို-တောင်ငူ လမ်းမကြီးပေါ်ရှိ ရေကျော်သည့် လမ်းပိုင်းကို ဒေသခံများ ကိုယ်ထူကိုယ်ထ ပြုပြင်နေ
Jul 30 • 7:48 AM
မြန်မာ
ကယား
မျှဝေမည်
| 17 | 0 | 0 | 0 |


