back

ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲတွင် ကီဗင်ကီးဂန်းအတွက် ဂုဏ်ပြုပွဲပြုလုပ်ရန် နယူးကာဆယ်နှင့် လီဗာပူးလ်တို့ ဆွေးနွေးနေ 

Jul 29 • 2:03 PM

breaking-news

မြန်မာ

ပြည်ပ

cover

ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲတွင် ကီဗင်ကီးဂန်းအတွက် ဂုဏ်ပြုပွဲပြုလုပ်ရန် နယူးကာဆယ်နှင့် လီဗာပူးလ်တို့ ဆွေးနွေးနေ 

ဇူလိုင် ၂၀ ရက်က အစာအိမ်ကင်ဆာရောဂါဖြင့် အသက် ၇၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည့် အင်္ဂလန် ကစားသမားဟောင်းနှင့် နည်းပြဟောင်း ကီဗင်ကီးဂန်းအတွက် ၎င်း၏ ကလပ်ဟောင်းမျာ...

ဇူလိုင် ၂၀ ရက်က အစာအိမ်ကင်ဆာရောဂါဖြင့် အသက် ၇၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည့် အင်္ဂလန် ကစားသမားဟောင်းနှင့် နည်းပြဟောင်း ကီဗင်ကီးဂန်းအတွက် ၎င်း၏ ကလပ်ဟောင်းများဖြစ်သော နယူးကာဆယ်နှင့် လီဗာပူးလ်တို့သည် ၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ် (၁) မစတင်မီတွင် ဂုဏ်ပြုပွဲ ပြုလုပ်ပေးရန် ဆွေးနွေးလျက်ရှိသည်။ ကီဗင်ကီးဂန်းသည် Ballon d'Or ဆုကို ၂ ကြိမ်တိုင် ရရှိခဲ့သည့် တစ်ဦးတည်းသော အင်္ဂလန် ကစားသမားဖြစ်ပြီး၊ နှစ်သင်းစလုံးတွင် ကစားသမားနှင့် နည်းပြအဖြစ် ထင်းရှားသည့် အောင်မြင်မှုများ ရယူပေးခဲ့သူ ဖြစ်ရာ အဆိုပါ အဖွင့်ပွဲစဉ်မတိုင်မီ ပွဲကြည့်စင်နှင့် ကွင်းပြင်ပတို့၌ အမှတ်တရ ဂုဏ်ပြုမှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

news-view-count-icon

20