ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ရှိ ဥတ္တတမာနုသော်န သစ်သားတံတား (မွန်တံတား) ၌ ဇူလိုင် ၂၉ ရက် (ဝါဆိုလပြည့်နေ့) တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခဲ့သည်။ အဆိုပါ ပွဲတော်နှင့် ဝါဆိုရုံးပိတ်ရက်ကာလအတွင်း စံခလဘူရီမြို့နယ်၏ အဓိက ခရီးသွားနေရာများဖြစ်သည့် ဘန်းဝမ်ကနှင့် မွန်တံတားတို့တွင် ခရီးသွားဧည့်သည် ထောင်ပေါင်းများစွာသည် မွန်၊ ကရင်၊ မြန်မာ တိုင်းရင်းသား ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။



