ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်း ပဆေးလာ ဈေးတန်းတွင် ငွေသားနှင့် အချိုရည်ကဒ်များ အပါအဝင် ကုန်ပစ္စည်းများကို လိုက်လံခိုးယူနေသည့် ကလေးသူခိုးအုပ်စုကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ခိုးယူမှုများတွင် အသက် ၉ နှစ်မှ ၁၅ နှစ်ကြားရှိ ကလေး ၉ ဦး ပါဝင်နေပြီး ၎င်းတို့သည် ပြီးခဲ့သည့် လပိုင်းများအတွင်း ကျပ် ၁၀ သိန်း၊ သိန်း ၂၀ ခန့်အထိ ရှိသော ငွေကြေးများနှင့် အချိုရည်ကဒ်များကို ခိုးယူကာ ဈေးတန်းအတွင်း ပြန်လည်ရောင်းချခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ကလေးအုပ်စုအား ရဲတပ်ဖွဲ့ထံ အပ်နှံခြင်း ရှိမရှိကို မသိရသေးဘဲ ဒီးမော့ဆိုအနောက်ခြမ်း၌ ဆိုင်ကယ်နှင့် ဆိုင်ဖောက်ထွင်း ခိုးယူမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
Jul 29 • 3:30 AM
မြန်မာ
ကယား
မျှဝေမည်
| 12 | 0 | 0 | 0 |


