back

ထိုင်းနိုင်ငံတွင် ဝါဝင်သွားပြီဖြစ်လို့ ယနေ့နှင့် မနက်ဖန် နှစ်ရက်ဆက်တိုက် အရက်သေစာ ရောင်းချခွင့် ပိတ်ပင်ခဲ့

Jul 29 • 1:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ဝါဝင်သွားပြီဖြစ်လို့ ယနေ့နှင့် မနက်ဖန် နှစ်ရက်ဆက်တိုက် အရက်သေစာ ရောင်းချခွင့် ပိတ်ပင်ခဲ့

ထိုင်းနိုင်ငံတော် ရဲတပ်ဖွဲ့က ၂၀၂၆ ခုနှစ် Asalha Bucha Day (အာသဠှပူဇာနေ့) နှင့် ဝါဆိုလပြည့်ကျော် ၁ ရက် (ဝါဝင်နေ့) တို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရက်သေ...

ထိုင်းနိုင်ငံတော် ရဲတပ်ဖွဲ့က ၂၀၂၆ ခုနှစ် Asalha Bucha Day (အာသဠှပူဇာနေ့) နှင့် ဝါဆိုလပြည့်ကျော် ၁ ရက် (ဝါဝင်နေ့) တို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရက်သေစာ ရောင်းချခွင့်ကို ယနေ့ ဇူလိုင် ၂၉ ရက် (ဗုဒ္ဓဟူးနေ့) ညသန်းခေါင် ၁၂ နာရီ ၁ မိနစ်မှ ဇူလိုင် ၃၀ ရက် (ကြာသပတေးနေ့) ညသန်းခေါင် ၁၂ နာရီအထိ လုံးဝ ပိတ်ပင်ထားကြောင်း သတိပေး ထုတ်ပြန်ထားသည်။သို့သော်လည်း နိုင်ငံတကာ လေဆိပ်များရှိ ခရီးသည်နားနေဆောင်များ၊ တရားဝင် လိုင်စင်ရ ဖျော်ဖြေရေးနေရာများ၊ သီးသန့် သတ်မှတ်ထားသော ကမ္ဘာ့လှည့် ခရီးသွား ဧရိယာမှ ဖျော်ဖြေရေးဆိုင်များ၊ တရားဝင် မှတ်ပုံတင်ထားသည့် ဟိုတယ်များနှင့် အမျိုးသားအဆင့် ပွဲလမ်းကျင်းပရာ နေရာများကဲ့သို့ ကင်းလွတ်ခွင့်ရရှိထားသည့် နေရာများတွင်မူ စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်ရှိမည် ဖြစ်သည်။

စတိုးဆိုင်နှင့် စားသောက်ဆိုင်များ အပါအဝင် အခြားသော နေရာများ၌ ထိုသတ်မှတ်ချက်ကို ဖောက်ဖျက် ရောင်းချပါက ထောင်ဒဏ် ၆ လအထိ ဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၁၀,၀၀၀ အထိ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်စလုံး ဖြစ်စေ ကျခံရမည်ဖြစ်ရာ စစ်ဆေးရေးအဖွဲ့များဖြင့် တင်းကြပ်စွာ လိုက်လံ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

20