ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ကြက်ဥတစ်လုံးလျှင် ၇၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေသော်လည်း ကုန်သည်များက ခြံဖမ်းဈေးကို ၄၃၀ ကျော်ခန့်သာ ပေးသဖြင့် ဥစားကြက် မွေးမြူရေးလုပ်ငန်းရှင်များမှာ မွေးလေ အရှုံးပေါ်လေ ဖြစ်နေကြောင်း ပြောဆိုကြသည်။ ကြက်စာစရိတ်၊ မွေးမြူရေး ဆေးဝါးနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်နေသည့်အပြင် ပြီးခဲ့သည့်လများက ကြက်ငှက်တုပ်ကွေးကြောင့် ကြက်မအများအပြား ထုတ်ရောင်းခဲ့ရသဖြင့် ကြက်ဥထုတ်လုပ်နိုင်မှု ကောင်ရေ လျော့နည်းသွားခဲ့သည်။ ထိုသို့သော အခက်အခဲများကြောင့် မွေးမြူသူအချို့ ကောင်ရေ လျှော့မွေးခြင်းနှင့် ခြံယာယီပိတ်သိမ်းခြင်းများ ပြုလုပ်လာကြပြီး ကြက်ဥတစ်လုံး လျှော့နည်း ၅၀၀ ကျပ်ခန့် ရရှိမှသာ တွက်ခြေကိုက်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
Jul 28 • 8:53 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


