ထိုင်းနိုင်ငံ၊ ဆာရာဘူရီခရိုင်ရှိ ယာယီတဲတစ်ခုအတွင်း ဘတ်သန်း ၅၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉ ဒသမ ၅၆ သန်းနှင့်အတူ မူးယစ်မှောင်ခိုသံသယရှိသူ ၂ ဦးကို ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နှစ်စပိုင်းမှစ၍ စုံစမ်းရရှိထားသည့် မူးယစ်ကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့က နောက်ယောင်ခံ လိုက်လံစုံစမ်းခဲ့ရာ ဘန်ကောက်နှင့် ပတ်ဝန်းကျင် ခရိုင်များသို့ ဗင်ကားများဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးနေသည့် သိုလှောင်ရုံ ယာယီတဲကို စီးနင်းဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသူများမှာ အသက် ၃၀ အရွယ် ကွန်ဆမ်နှင့် အသက် ၄၅ နှစ်အရွယ် သန်နာဝပ်တို့ဖြစ်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ဘတ်သန်း ၅၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေး ၉ သန်းကျော် သိုလှောင်ထားသည့် မူးယစ်မှောင်ခိုသမား ၂ ဦး ဖမ်းမိ
Jul 28 • 8:51 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


