ထိုင်းနိုင်ငံ၊ မူအန်းခရိုင်ရှိ ၈ ထပ်မြင့် ဟိုတယ်တစ်လုံး၌ တရုတ်နိုင်ငံသားများအတွက် လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် လိင်ဝန်ဆောင်မှုများ သီးသန့်ပေးနေကြောင်း ဒေသခံများ၏ တိုင်ကြားချက်အရ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။ အဆိုပါ စီးနင်းမှုအတွင်း တရုတ်နိုင်ငံသား ၄၀ ဝန်းကျင်အပါအဝင် မူးယစ်ဆေးဝါးများ၊ ကာစီနိုချစ်ပ်ပြားများနှင့် ဘတ်ငွေ တစ်သန်းခန့်ကို သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် တရားမဝင် နေထိုင်သည့် မြန်မာလုပ်သား ၃ ဦးကိုလည်း လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်များအတွက် လောင်းကစား၊ မူးယစ်ဆေးနှင့် လိင်ဝန်ဆောင်မှုများ ပေးသည့် ဟိုတယ်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း
Jul 27 • 12:22 PM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


