ထိုင်းနိုင်ငံ၌ ဘုရင့်မွေးနေ့၊ အဆာနာဘူချာနေ့နှင့် ဝါဆိုလပြည့်နေ့တို့ဖြင့် ဆက်တိုက် ကျရောက်သည့် ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်အထိ ၃ ရက်ဆက် အစိုးရရုံးပိတ်ရက်များအတွင်း ခရီးသွားလာမှု လွယ်ကူစေရန်နှင့် ယာဉ်ကြောကျပ်တည်းမှု လျှော့ချနိုင်ရန်အတွက် အဝေးပြေးလမ်းမကြီး ၃ ခုရှိ ဂိတ် ၆၃ ဂိတ်တွင် ယာဉ်ဖြတ်သန်းခ ကောက်ခံမည် မဟုတ်ကြောင်း ထိုင်းအဝေးပြေး အာဏာပိုင်အဖွဲ့ (EXAT) က ကြေညာခဲ့သည်။ အဆိုပါ ဖြတ်သန်းခ ကင်းလွတ်ခွင့်ကို ဇူလိုင် ၂၈ ရက် အင်္ဂါနေ့ ညသန်းခေါင်မှစ၍ ဇူလိုင် ၃၀ ရက် ကြာသပတေးနေ့ ညသန်းခေါင်အထိ ၇၂ နာရီဆက်တိုက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jul 27 • 12:21 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


