back

ထိုင်းနိုင်ငံ၌ Power Bank နှင့် လစ်သီယမ်ဘက်ထရီများ ရောင်းချရန် စံချိန်စံညွှန်း စည်းမျဉ်းများ ပိုမိုတင်းကြပ်မည်

Jul 27 • 12:10 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ Power Bank နှင့် လစ်သီယမ်ဘက်ထရီများ ရောင်းချရန် စံချိန်စံညွှန်း စည်းမျဉ်းများ ပိုမိုတင်းကြပ်မည်

ထိုင်းစက်မှုဝန်ကြီးဌာနသည် နီကယ်ဘက်ထရီ၊ လစ်သီယမ်ဘက်ထရီနှင့် Power Bank များကို ထိုင်းစက်မှုစံချိန်စံညွှန်း (TIS) ထောက်ခံချက် မဖြစ်မနေ ရယူရမည့် ထိန်းချုပ်ကုန်ပစ္စ...

ထိုင်းစက်မှုဝန်ကြီးဌာနသည် နီကယ်ဘက်ထရီ၊ လစ်သီယမ်ဘက်ထရီနှင့် Power Bank များကို ထိုင်းစက်မှုစံချိန်စံညွှန်း (TIS) ထောက်ခံချက် မဖြစ်မနေ ရယူရမည့် ထိန်းချုပ်ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ရန် နည်းဥပဒေမူကြမ်း တင်သွင်းရန် ပြင်ဆင်နေကြောင်း သိရသည်။ ပေါက်ကွဲ မီးလောင်မှုများ ခကြာခဏ ဖြစ်ပွားနေသဖြင့် လုံခြုံရေးစံနှုန်းများကို နိုင်ငံတကာ IEC 62133 စံချိန်စံညွှန်းများနှင့်အညီ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါ စည်းမျဉ်းများကို ဝန်ကြီးအဖွဲ့က အတည်ပြုပါက ၂၀၂၇ ခုနှစ် အလယ်ပိုင်းတွင် စတင် အသက်ဝင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များ ပြင်ဆင်နိုင်ရန် ကူးပြောင်းကာလ အချိန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17