back

ဘဏ်ချေးငွေ ရရှိရန် ခက်ခဲခြင်းကြောင့် ထိုင်းအိမ်ခြံမြေ ရောင်းသူများ ဈေးလျှော့ရောင်းချလာရ

Jul 27 • 10:16 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘဏ်ချေးငွေ ရရှိရန် ခက်ခဲခြင်းကြောင့် ထိုင်းအိမ်ခြံမြေ ရောင်းသူများ ဈေးလျှော့ရောင်းချလာရ

ထိုင်းနိုင်ငံတွင် ဘဏ်များ၏ ချေးငွေထုတ်ပေးမှု တင်းကျပ်ခြင်းနှင့် အိမ်ချေးငွေ လျှောက်ထားမှု ငြင်းပယ်ခံရမှုနှုန်း ၄၀ ရာခိုင်နှုန်းအထိ မြင့်မားနေခြင်းတို့ကြောင့် ဝယ...

ထိုင်းနိုင်ငံတွင် ဘဏ်များ၏ ချေးငွေထုတ်ပေးမှု တင်းကျပ်ခြင်းနှင့် အိမ်ချေးငွေ လျှောက်ထားမှု ငြင်းပယ်ခံရမှုနှုန်း ၄၀ ရာခိုင်နှုန်းအထိ မြင့်မားနေခြင်းတို့ကြောင့် ဝယ်လိုအား သိသိသာသာ ကျဆင်းလျက်ရှိသည်။ ထို့ကြောင့် အိမ်သစ်ဆောက်လုပ်သူများသည် လက်ကျန်အိမ်များကို မြန်မြန်ရောင်းထွက်ရန် ဈေးနှုန်းလျှော့ချခြင်း၊ လွှဲပြောင်းခ ကင်းလွတ်ခွင့်ပေးခြင်းနှင့် ပရိုမိုးရှင်းများဖြင့် အပြိုင်အဆိုင် ရောင်းချနေကြသဖြင့် တစ်ပတ်ရစ် အိမ်ရောင်းချသူများပါ လိုက်လံဈေးလျှော့ရောင်းချလာရသည်။ လက်ရှိတွင် အိမ်ထောင်စုကြွေးမြီ မြင့်မားမှုနှင့် ဘဏ်များ၏ ချေးငွေထုတ်ပေးမှု တင်းကျပ်ထားမှုများကြောင့် ဘဏ်ချေးငွေ ရယူနိုင်ရေး ခက်ခဲနေသရွေ့ ထိုင်းအိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

13