အာရှတွင် ပထမဆုံးအကြိမ် ကျင်းပမည့် Tomorrowland ဂီတပွဲတော်ကို လာမည့် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရှိ Wisdom Valley ၌ ကျင်းပရန် ဘယ်လ်ဂျီယံနိုင်ငံ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် အတည်ပြုလိုက်သည်။ အဆိုပါ ပွဲတော်အတွက် လက်မှတ်ပေါင်း ၁၅၀,၀၀၀ စလုံး ရောင်းကုန်သွားခဲ့ပြီဖြစ်ပြီး လာရောက်သူများ၏ ၈၅ ရာခိုင်နှုန်းမှာ နိုင်ငံခြားသား ခရီးသွားများ ဖြစ်ကြသည်။ ၅ နှစ်စာ သဘောတူညီချက်ဖြင့် ကျင်းပသည့် ယခုပွဲတော်သည် ထိုင်းစီးပွားရေးအတွက် ဘတ် ဘီလီယံ ၃၀ ထက်မနည်း ဖန်တီးပေးနိုင်မည်ဖြစ်ကာ လာမည့် ဒီဇင်ဘာပွဲတစ်ခုတည်းမှပင် ဘတ် ၆ ဘီလီယံကျော် စီးပွားရေးအကျိုးအမြတ် ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
လက်မှတ်ပေါင်း ၁ သိန်းခွဲ ရောင်းကုန်ထားသည့် ပတ္တယား Tomorrowland ဂီတပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပမည်
Jul 27 • 10:13 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


