ရှမ်းပြည်နယ်တောင်ပိုင်း (တောင်ကြီး၊ အင်းလေး၊ ဟိုပုံးနှင့် မကွေး/မန္တလေးတိုင်းအစပ် ဒေသများ) တွင် လာမည့် ၃ ရက် (၄၈ နာရီမှ ၇၂ နာရီ) အတွင်း မိုးကျဲနေဦးမည် ဖြစ်သော်လည်း ညနေပိုင်း မိုးထစ်ချုန်းချိန်များ၌ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း အန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။ဇူလိုင် ၂၉ ရက် နောက်ပိုင်းတွင် ရှမ်းတောင်၌ မိုးပြန်လည်စိပ်လာနိုင်ပြီး မိုးရေချိန် ပိုမိုလာနိုင်သည်။ ထို့ပြင် ရှမ်းမြောက်ပိုင်း (နမ့်ဆန်၊ မဘိမ်း၊ ကျောက်မဲ အနီးတစ်ဝိုက်) တွင် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၁၉၀ မီလီမီတာနီးပါးအထိ ရွာသွန်းနိုင်၍ တောင်ကျရေလျှံခြင်းနှင့် မြေပြိုခြင်းများ သတိပြုရန်လိုသလို ရှမ်းအရှေ့ပိုင်း (တာချီလိတ်၊ မိုင်းဆတ်၊ ကျိုင်းတုံ) ဒေသများတွင်လည်း မဲဆိုင်ချောင်း အပါအဝင် မြေနိမ့်ပိုင်းများ၌ ရုတ်တရက် ချောင်းရေ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် လာမည့် ၃ ရက်အတွင်း မိုးကြိုးပစ်ခြင်းနှင့် လေပြင်းအန္တရာယ်ရှိနိုင်မည်ဟု သတိပေး
Jul 27 • 4:43 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


