ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် တရားဝင် သတ်မှတ်ထုတ်ပြန်လိုက်သည်။အဆိုပါ ဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ် လက်ထက်၌ ကျမိုင်းစဝ်အုံကြာက အနောက်တိုင်း ဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စော်ဘွားကြီး စဝ်ကြာဆိုင် မိသားစုနှင့် တူတော်စပ်သူ စဝ်ဦးကြာတို့ အဆက်ဆက် ထိန်းသိမ်းခဲ့ကြခြင်းဖြစ်သည်။ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်လိုက်သည့် ဟော်နန်းကို ယဉ်ကျေးမှုပြတိုက်အဖြစ် ထားရှိ၍ ခရီးသွားများ လေ့လာနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်သလို ကျန်ရှိသည့် မြေဧရိယာတွင် ဗုဒ္ဓကောလိပ် တည်ဆောက်သွားမည်ဖြစ်ပြီး ဟော်နန်း၏ မူလလက်ရာ မထိခိုက်စေရန် ဘေးပတ်လည် ပေ ၁၂၀ အတွင်း မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်မည် မဟုတ်ကြောင်း သိရသည်။
Jul 27 • 2:52 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 11 | 0 | 0 | 0 |


