ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့၏ ရာသီကြို ခြေစမ်းပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေပိုင်းက YUSC မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ရန်ကုန်ယူနိုက်တက်အသင်းသည် အဆိုပါ ခြေစမ်းပွဲတွင် လာမည့်ရာသီအတွက် ခေါ်ယူထားသည့် နိုင်ငံခြားသား ကစားသမားများကို ထည့်သွင်းအသုံးပြုကာ ခြေစွမ်းစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ပြည်တွင်း ကစားသမား ၃ ဦးဖြစ်သည့် မောင်မောင်လွင်၊ ပြည်မိုး၊ ဟိန်းဖြိုးဝင်း တို့အပြင် ပြည်ပ ကစားသမားသစ် ၅ ဦးနှင့် သက်တမ်းတိုးထားသည့် ဂျပန်ကွင်းလယ်လူ ဆာအီတို အပါအဝင် စုစုပေါင်း ပြည်ပကစားသမား ၆ ဦးအထိ စုဖွဲ့ထားပြီး ဖြစ်သည်။လာမည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသားလိဂ် ပြိုင်ပွဲကို သြဂုတ် နောက်ဆုံးပတ် သို့မဟုတ် စက်တင်ဘာ ပထမပတ်အတွင်း စတင် ကျင်းပရန် လျာထားကြောင်း သိရသည်။
| 13 | 0 | 0 | 0 |


