စီးပွားရေးဆိုင်ရာ ပြိုင်ဆိုင်နိုင်စွမ်း လျော့နည်းခြင်း၊ ဘတ်ဂျက်အန္တရာယ် ကြီးမားခြင်းနှင့် သဘာဝပတ်ဝန်းကျင်/လူမှုရေး ထိခိုက်နိုင်မှုများကြောင့် ထိုင်းတောင်ပိုင်း ကုန်းတွင်းတံတား (Landbridge) စီမံကိန်းကို ဆိုင်းငံ့ရန် ထိုင်းအစိုးရက တရားဝင် ဆုံးဖြတ်လိုက်သည်။အစိုးရအနေဖြင့် အစားထိုး အစီအစဉ်အဖြစ် ရနောင်းဆိပ်ကမ်းနှင့် ဆုန်ခလာဆိပ်ကမ်းများကို အဆင့်မြှင့်တင်ရန်၊ မြောက်ပိုင်းလမ်းကြောင်းများ၊ တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ ချိတ်ဆက်မည့် ရထားလမ်းနှင့် အမြန်လမ်းမကြီး ကွန်ရက်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် အဆိုပြုထားသည်။ အဆိုပါ စီမံကိန်း ဆိုင်းငံ့လိုက်မှုပေါ် ဒီမိုကရက်ပါတီနှင့် ပြည်သူ့ပါတီတို့က ကြိုဆိုခဲ့ကြပြီး ဒေသတွင်း ကုန်စည်ပို့ဆောင်ရေး (Logistics) စီမံကိန်းများကို အစားထိုး လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြကြောင်း သိရသည်။
Jul 26 • 9:54 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


