back

ထိုင်းနိုင်ငံ၌ လက်ခလယ်ထောင်ပြပါက ထောင်ဒဏ်နှင့် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ အထိ အရေးယူခံရနိုင်

Jul 26 • 1:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ လက်ခလယ်ထောင်ပြပါက ထောင်ဒဏ်နှင့် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ အထိ အရေးယူခံရနိုင်

ထိုင်းနိုင်ငံတွင် လူမှုကွန်ရက် Facebook ပေါ်၌ လက်ခလယ်ထောင်ပြသည့် ပြုလုပ်မှုသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၃ အရ လူတစ်ဦးအား အနီးကပ် စော်ကားမှု မြောက်နိုင်ကြောင်း ...

ထိုင်းနိုင်ငံတွင် လူမှုကွန်ရက် Facebook ပေါ်၌ လက်ခလယ်ထောင်ပြသည့် ပြုလုပ်မှုသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၃ အရ လူတစ်ဦးအား အနီးကပ် စော်ကားမှု မြောက်နိုင်ကြောင်း ထိုင်းရှေ့နေ ဒေချာကိတ္တိဝိတ္တယာနန်၏ ပြောကြားထားသည်။အဆိုပါ ပြစ်မှုအတွက် အများဆုံး ထောင်ဒဏ် တစ်လ သို့မဟုတ် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ (သို့မဟုတ်) ပြစ်ဒဏ် နှစ်ရပ်လုံး ကျခံရနိုင်သဖြင့် လူပြင်ပတွင်သာမက လူမှုကွန်ရက်ပေါ်၌ပါ သတိထား ပြုမူကြရန် သတိပေးထားခြင်း ဖြစ်သည်။ယင်းထုတ်ဖော် ပြောကြားချက်သည် လူမှုကွန်ရက်ပေါ်တွင် ရေပန်းစားနေသည့် ဗီဒီယိုတစ်ခုအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားနေသော အီတလီကျောင်းသားတစ်ဦးက ကင်မရာသို့ လက်ခလယ်ထောင်ပြခဲ့သည့် ဖြစ်စဉ်အပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

news-view-count-icon

14