back

ထိုင်းဘုရင် မွေးနေ့အထိမ်းအမှတ် မဲဆောက် အမ်ဖိုရုံးပတ်ဝန်းကျင်၌ မြန်မာများ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

Jul 26 • 1:55 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းဘုရင် မွေးနေ့အထိမ်းအမှတ် မဲဆောက် အမ်ဖိုရုံးပတ်ဝန်းကျင်၌ မြန်မာများ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံး (အမ်ဖို) ပတ်ဝန်းကျင်တွင် ထိုင်းရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ထိုင်းဘုရင်မင်းမြတ်၏ မွေး...

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံး (အမ်ဖို) ပတ်ဝန်းကျင်တွင် ထိုင်းရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက အမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။လာမည့် ဇူလိုင်လ ၂၈ ရက်တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ်၏ ၇၄ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖွဲ့က ဦးဆောင်၍ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒေသခံများ စုပေါင်းကာ ပြုလုပ်ကြခြင်းဖြစ်သည်။အဆိုပါ ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖွဲ့ကို ဇူလိုင်လ ၄ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ပတ်ဝန်းကျင် စုပေါင်း သန့်ရှင်းရေး လှုပ်ရှားမှုကို အပတ်စဉ် စနေနေ့တိုင်း လုပ်ဆောင်လျက် ရှိသည်။

news-view-count-icon

12